Добавить
Уведомления

Tekken 2 (Android/Arcade) short gameplay and download link

Tekken 2 (Android / Arcade) ဒီဂိမ်းလေးက Tekken game series ရဲ့ ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းလေးကို ၁၉၉၅ ခုနစ်မှာ Arcade အတွက် Namco ကနေဖန်တီးခဲ့ပြီး Japan နဲ့ North America တို့အတွက် ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ Europe အတွက်ကျတော့ SCEE က ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ နောက်ပိုင်းမှာ PlayStation 2 မှာ ထွက်ရှိခဲ့တဲ့ Tekken 5 ရဲ့ Arcade History မှာ ထည့်သွင်းပေးခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ PlayStation 3 ၊ PlayStation Portable (PSP) နဲ့ ၂၀၀၉ ခုနှစ်မှာ Zeebo အတွက်လဲ ထွက်ရှိခဲ့ပြန်ပါတယ်။ Tekken 1 ရဲ့ King of Iron Fist Tournament အပြီးနှစ်နှစ်အကြာမှာ Kazuya Mishima ရဲ့ ဦး ဆောင်မှုအောက်မှာ Mishima Zaibatsu ဟာ ယခင်ကထက်ပိုမိုအကျင့်ပျက်ခြစားမှုများပြားလာပြီးတရားမ၀င်လုပ်ငန်းများစွာကိုလဲလုပ်ကိုင်လာပါတယ်။ ဖခင်ဖြစ်သူ Heihachi Mishima ဟာ သူ့ရဲ့ လုပ်ငန်းမှာ ရက်စက်မှုအနည်းငယ်ပြုခဲ့ပေမယ့် Kazuya ကတော့ လုံးဝလူစိတ်မရှိတဲ့ လုပ်ရပ်တွေလုပ်ခဲ့ပါတယ်။ သူကိုဝေဖန်သူတွေနဲ့ ပြိုင်ဘက်တွေကိုဖယ်ရှားဖို့နဲ့ အန္တရာယ်ရှိတဲ့မျိုးစိတ်တွေကို မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်မှုများပြုလုပ်ဖို့အတွက် လုပ်ကြံသတ်ဖြတ်သူတွေကို ငှားရမ်းအသုံးပြုခဲ့ပါတယ်။ အဲ့အချိန်မှာပဲ Kazuya ရဲ့စမ်းသပ်ချက်တွေကြောင့် Jun Kazama Operative အဖွဲ့အစည်းနဲ့ တိရိစ္ဆာန် အခွင့်အရေးလှုပ်ရှားသူ အဖွဲ့အစည်းတို့က Kazuya ကို ဖမ်းဆီးဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာ လွန်ခဲ့တဲ့ ၂ နှစ်က Kazuya ကိုရှုံးနိမ့်ခဲ့ပြီး ချောက်ကမ်းပါးကနေပစ်ချခံခဲ့ရတဲ့ Heihachi ဟာ Kazuya ကိုပြန်လည်အနိုင်ယူနိုင်ဖို့ တစ်ချိန်လုံးလေ့ကျင့်ခဲ့ပြီး အခု ချောက်ကမ်းပါးပေါ်ကို ပြန်တက်လာခဲ့ပါပြီ။ Heihachi ပေါ်လာမယ်ဆိုတာကိုသိထားတဲ့ Kazuya ဟာ ဆုကြေးငွေဒေါ်လာ တစ်ထရီလီယံ ပေးအပ်ချီးမြှင့်မယ့် The King of Iron Fist Tournament 2 ကို ကြေညာခဲ့ပါတယ်။ တစ်နေ့မှာ Jun နဲ့ Kazuya မျက်နှာချင်းဆိုင်တွေ့ပြီး Jun က Kazuya ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Jun ရဲ့ထိန်းချုပ်မှုထက်ကျော်လွန်တဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင် (မင်မင်လဲ သိပ်တော့ နားမလည်)ကြောင့် Jun နဲ့ Kazuya တို့ ချစ်ကြိုက်မိသွားကြပါတယ်။ Jun ဟာနောက်ပိုင်းမှာ Kazuya နဲ့ ကိုယ်ဝန်ရခဲ့ပြီး သူမရဲ့ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရာအားလုံးကိုချန်ထားခဲ့ပါသည်။ ဒီအတောအတွင်းမှာပဲ Heihachi ဟာ ပြိုင်ပွဲကိုရောက်လာပြီး ပြိုင်ဘက်တေအားလုံးကို အနိုင်ရကာနောက်ဆုံးမှာ Kazuya ဆီရောက်ရှိလာပါတယ်။ ပထမအချီမှာ Heihachi ဟာ Kazuya ကို အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအချီမှတော့ Devil Gene ဟာ Kazuya ရဲ့ကိုယ်ခန္ဓာကိုလွှဲပြောင်းယူခဲ့ပြီး Kazuya ဟာ မိစ္ဆာတစ်ကောင်ဖြစ်သွားပါတယ်။ ဒါပေမယ့်လဲ Kazuya ဟာ Heihachi ကို အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ Devil ဝင်ပူးပြီး ဖြစ်ပေါ်လာတဲ့ Evil side နဲ့ Jun နဲ့တွေ့စုံခဲ့ပြီးတဲ့နောက် Kazuya ရဲ့ မသိစိတ်ထဲမှာ ဖြစ်ပေါ်နေခဲ့တဲ့ Angel တစ်ကောင်ရဲ့ Good side တို့ဟာ Kazuya ရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်မရဘဲ ထင်ထားသလောက် Strong မဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်ပဲ Heihachi ဟာ Kazuya ကို ပွဲသိမ်းအနိုင်ရခဲ့ပြီး သတိလစ်နေတဲ့ Kazuya ကို မီးတောင်ကြီးတစ်ခုထဲ ပစ်ချလိုက်ပါတယ်။ အဲ့အချိန်မှာပဲ Jun တစ်ယောက် မှာတော့ Kazuya ရဲ့ တရားမဝင်သားလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဒီဂိမ်းကတော့ Tekken 1 ထက်ပိုပြီးဆော့လို့ကောင်းလာပါတယ်။ Graphic မှာလဲ Tekken 1 တုန်းကလို ကိုယ်ခန္ဓာကိုယ်တည်ဆောက်ပုံတွေက တလွဲတေမဖြစ်နေပဲနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သွားပြီး အတော်ကြည့်ကောင်းသွားပါတယ်။ Control ပိုင်းကလဲ အတော် အဆင်ပြေပါတယ်။ Tekken fan တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဂိမ်းလေးတစ်ခုမို့လို့တင်ပေးလိုက်ပါတယ်။ Tekken 2 download link (19mb) Roms For MAME link https://www.romsformame.com/index.php?a=366 Telegram link https://t.me/manuthagamer/43 ⚠️ Telegram ကနေဒေါင်းရင် zip ဖြည်ရပါမယ်။ tekken2.zip ဆိုတဲ့ ဖိုင်ထွက်လာမှ guide video ထဲက အတိုင်းဆက်လုပ်ပါ။ MEME4droid download link (37mb) https://play.google.com/store/apps/details?id=com.seleuco.mame4droid How to play? https://youtu.be/6_Bmffc5ef4 ၂ ယောက်ချိတ်ဆော့နည်း https://youtu.be/472R05FaqDc Tekken games collection https://youtube.com/playlist?list=PLQlYdkUtrW1B_iY36fEF9PWU_0Ixfeo5a Fighting games collection https://youtube.com/playlist?list=PLQlYdkUtrW1CNgVxP6Tn8a_TLF75oD7oP Arcade Games Collection https://youtube.com/playlist?list=PLQlYdkUtrW1Cv8TLu6IoCsq9dH--AjL7f #Manutha_Gamer

12+
16 просмотров
год назад

, чтобы оставлять комментарии